ကဲ..........မိတ်ဆွေတို့ရေ ကြိုက်သလောက်တီး ကြိုက်သလောက်ဆွဲ မိုက်မှမိုက် ဟဲဟဲ

Thursday, May 23, 2013

ကာလဆိုး (စလေ ဦးပုည) ***

Photo: ကာလဆိုး( ဦးပုည) ကာလနှယ် ဆိုးပါဘိ သူခိုးက လူလူ တောလေ့ပေါက် နန်းမူ အိမ်သူကို ဧည့်စောင်း သူကောင်းကို အပြစ်တင် တောင်ယာရှင် မျောက်လိုက်လို့မောင်း။ ။ လေးတရာ့ဆီမှန်လျှင် ရေနံလောက်မကောင်း စိတ်အနေ ရုပ်ပြောင်းလို့ ချောင်းကိုပ မြစ်ထင် တူရိယာ နတ်စည်စောင်း သူဖုန်းတောင်းချင်းကတဲ့သွင်။ ဝါးလုံးခေါင်း လသာချင်တယ် အိမ်ထဲတွင် ကင်းဝပ်လို့ မုန်းဇာတ်ကြံကြပြီ ဘုန်းရို့ဝသီ ခုများဖြင့် မုသားညီတယ် အပလီ ဗိုလ်မင်းပလေး။ ။ ပုံကို ELEVEN Media Group မှ ရယူပါသည်
***ကာလဆိုး ***
ကာလနှယ် ဆိုးပါဘိ
သူခိုးက လူလူ
တောလေ့ပေါက် နန်းမူ
အိမ်သူကို ဧည့်စောင်း
သူကောင်းကို အပြစ်တင်
တောင်ယာရှင် မျောက်လိုက်လို့မောင်း။ ။

လေးတရာ့ဆီမှန်လျှင်
ရေနံလောက်မကောင်း
စိတ်အနေ ရုပ်ပြောင်းလို့
ချောင်းကိုပ မြစ်ထင်
တူရိယာ နတ်စည်စောင်း
သူဖုန်းတောင်းချင်းကတဲ့သွင်။

ဝါးလုံးခေါင်း လသာချင်တယ်
အိမ်ထဲတွင် ကင်းဝပ်လို့
မုန်းဇာတ်ကြံကြပြီ
ဘုန်းရို့ဝသီ
ခုများဖြင့် မုသားညီတယ်
အပလီ ဗိုလ်မင်းပလေး။ ။

မဖတ်ဘူးသေးတဲ့ မိတ်ဆွေတွေအတွက် တင်ပြပေးလိုက်ပါသည်

1 comment :