♥♥♥♥ယိမ်းနွဲ့နေတဲ့ မီးစာ♥♥♥♥
မရှိခြင်းကို အဖေါ်ပြုနေတဲ့ ဘ၀ထဲ
အူဝဲဆိုတဲ့အသံနဲ့ ငါ.....
အကွေ့တဆစ်ချိုးမှာ နိုးထလာတယ်
အထက်ကမျက်လုံးတွေရဲ့
နှိမ့်ချတဲ့အကြည့်တွေမှာ
မာနမျက်ဝန်းနဲ့ တိုက်စစ်ဆင်လို့ ငါစိန်ခေါ်ဝံ့ပါတယ်
လောကဓံမီးလျှံကြားမှာ
ငါဟာ မာချင်ယောင်ဆောင်နေတဲ့ ဖယောင်းပါ
ခင်ဗျာတို့ လိုသလို ပုံသွင်းလို့ရရင် မှားသွားပေမပေါ့
ငါ့ကိုယ်ငါ မီးစာညှိလို့ လောင်းကျွမ်းရလိမ့်မယ်
မီးစာကုန်ခမ်းသွားရင်တော့ ယမမင်းရဲ့ ခွေးရေပုရပိုဒ်မှာ
ငါ မှတ်တမ်းရေးရလိမ့်မယ်
နောက်ထပ်တစ်ဖန် ရှင်သန်ခြင်းဆီကိုပေါ့...................
No comments :
Post a Comment