
ပင်ရွက်အုပ်ဆိုင်း ရွက် ခတ် တိုင်းမှာ
ရွှေရိုင်းရည်လူး ပိတောက်ဖူးတွေ
တောင်းရူးလေသာ ပြန်လာပါမူ
လှုပ်ကာနွဲ့ရင်း အချင်းချင်းပင်
မိုးသင်းတချက် မျှော်နေလျှက်ပေါ့
မိုးစက်မိုးပြေး တချက်လေးသာ
ပတ်ပြေးပါမူ ရွှေရောင်ကူရင်း
ပွင့်ကြူလျှက်သာ မွှေးပျံ့တာများ
ဝါရောင်ဗီးနပ်စ် ကကြိုးထပ်ကာ
လျှပ်ပြက်တာလား ထင်မှတ်မှားရင်း
ပျိုများဆံနွယ် ပိတောက်ငယ်လေး
ခိုတွယ်နေရှာ မြင်ရတာများ
စိတ်မှာရွှင်လန်း ငြိမ်းအေးချမ်း.........
No comments :
Post a Comment