ကဲ..........မိတ်ဆွေတို့ရေ ကြိုက်သလောက်တီး ကြိုက်သလောက်ဆွဲ မိုက်မှမိုက် ဟဲဟဲ

Thursday, May 23, 2013

*****ဒေ၀ီ အလား******

*****ဒေ၀ီ အလား******

ဟော ဟိုမယ်  ပျိုချောတွေရဲ့

နေညိုမှာ ရေချိုခပ်ဖို့

ဆင်းလာပေါ့လေး

တို့ရွာက ပျိုချောတွေနဲ့

ယှဉ်ချင်သပဆို  ယဉ်ကာပြလို့

ထိုင်မှိုင်ကာ  ငိုသွားမယ်လေး


အပျိုချောတွေ  လှလိုက်ပုံများ

တာဝတိံသာ   နတ်ပြည်ထက်က

ဒေ၀ီအလား

ရှေးဘုရင်အစဉ်ဆက်က

ဆင်းလာရှာ  နန်းမှာထားဖို့

တော်ကောက်ကာ   မြှောက်စားကာထား


*****ဖြိုးကိုကို******

နှစ်ပိုဒ်ခံ  သုံးပိုဒ်အုပ် ဒွေးချိုး နှစ်ပိုဒ်

သူငယ်ချင်းမိတ်ဆွေတို့ခင်ဗျာ     ခွထောက်ကာရန်မိအောင်တော့  စပ်ထားပါတယ်

ကျနော်ရဲ့  ဥာဏ်လေးတစ်ထွာတစ်မိုက်နဲ့  စပ်ထားတဲ့ ဒွေးချိုးပါ

ပညာရှင်များ ဖတ်မိလို့  မှားနေရင်  ခွင့်လွှတ်ပါ

တာဝတ်ံဆိုတဲ့နေရာမှာ   သေးသေးတင်ပါ  ပါတယ်

ကျနော်  မြန်မာဖောင့်မှာ မရှိလို့ပါ  နားလည်ပေးပါ

No comments :

Post a Comment