

ရွက်ဟောင်းကဆွေ ရွက်ခြောက်တွေကြွေ
ရွက်သစ်ဝေလို့ ခါနွေဦးတောင်
ရောက်ခဲ့ပြန်ပြီ ညီမလေး.........
ဒီလိုချိန် ဒီလိုနေရာ ဒီလိုလမှာ
အပြုံးပန်းတွေ ပြာကျလို့
အမုန်းမီးတွေ သင့်ခဲ့ရတာ
ဘာကြောင်းကြောင့်လည်း ........ ညီမလေးရယ်............
သောကအပူ ကျွမ်းလောင်သင့်ခံ
နှလုံးသားလေး ကန္တာရတစ်ခုလိုဖြစ်ခဲ့၇တာ
မင်း မြင်နိုင်ပါ့မလား ညီမလေး............
ပူပြင်းလောင်မြှိုက် ခါနွေဦးတောင်
ငါ့နှလုံသားရဲ့ အဝေးတစ်နေရာ
ဦးညွတ်လို့ အခါခါ နောက်သို့လှည့်ခါ
ပြန်ပြေးခဲ့ပေါ့..........ညီမလေးရယ်..........
ဥသြငှက်လေး တေးဆိုတော့မယ်
ပြန်မလာသေးဘူးလား........ညီမလေး
ဥသြငှက်လေး တေးဆိုရင်းနဲ့ မေးနေပြီ
ပြန်လာခဲ့ပါတော့ ............ညီမလေးရယ်........
။။။။ကြိုတင်ခံစား နွေဦးအား။။။။။။
။။။။ခံစားရေးစပ် တင်ပြသည်။။။။။။။။။။။။။
No comments :
Post a Comment