

တနေကုန်လို့ နေ၀င်သွားရင်
ဆုံနေကြဆီ လာခဲ့ကွယ်
အဖေါ်ပေါင်းတွေ ဆုံပြီလားကွဲ့
ဘုံဆိုင်ဆီသို့ ချီတတ်မယ်
ဘုံဆိုင်ရောက်ရင် သောက်ကာစားလို့
တစ်ယောက်တခွန်း အော်ကြမယ်
အိုကွယ်တယ်ရင်း ငြိမ်မနေနဲ့
မင်းရဲ့သောက ပြောပြကွယ်
သောကပူတွေ ရင်ထဲထားနဲ့
သူရာရည်နဲ့ မျှောချကွယ်
သူရာဆိုတာ တို့အတွက်တော့
ခဏရတဲ့ သုခကွယ်
(နာတောင် ရေးရင်းနဲ့ တောက်ချင်လာပီ ငိငိ)
ငါ့လူတွေရယ် တော်ကြတော့ကွဲ့
မင်းတို့ခေါင်းတွေ စိုက်နေတယ်
ရေချိန်ကိုက်ရင် လစ်ကြဆို့ကွဲ့
ရွာရိုးကိုးပေါက် လျှောက်ကြမယ်
တို့ကိုကြည့်ရင် ဂျိုပြန်ပေးကွဲ့
ငါကိုင်တုတ်လို့ ချဲလင့်မယ်
အသိတွေ့ရင် ရစ်အုံးမယ်ကွဲ့
အရက်ဖိုးလေး ရငြားကွယ်
ရက်ဖိုးပေးရင် လွှတ်သာထားလိုက်
ပေးဘူးဆိုမှ ၀ိုင်းဘေမယ်
(အဲဒါ အရက်တမားတွေရဲ့အကျင့်ပဲ ဟီဟီ)
ငါ့လူတွေရယ် မင်းတို့ခေါင်းတွေ
အပေါ်လေးသို့ မော့စမ်းကွယ်
7စင်ကြယ်လေး အမြှီးထောင်လို့
ယိုင်တိုင်တိုင်နဲ့ ကနေတယ်
ဒါဆိုရင်တော့ ပြန်ကြစို့ကွဲ့
အိပ်ချိန်တန်ဖို့ သင့်ပြီကွယ်
အိမ်ကိုရောက်ရင် သံကြားစေနဲ့
ခွေးတိုးပေါက်က တိုးဝင်ကွယ်
ခဏရတဲ့ အိပ်ချိန်လေးမှာ
စဉ်းစားနေနဲ့ အိပ်ပါကွယ်
နောက်တနေ့သာ သောကများကို
ရင်ဆိုင်နိုင်ဖို့ အားရှိမယ်
အိပ်မယ် အိပ်မယ်
....ဖြိုးကိုကို......
တောရွာက အရက်သမားတွေရဲ့
ဓလေ့ထုံးတမ်းပါခင်ည ဟဲဟဲ
No comments :
Post a Comment