ဥသြငယ်သည် တေးဆိုသည်ကို
သိသည်အလျှောက် နွေသို့ရောက်ပြီင်္
သိခဲ့ပြီ........
မိုးနတ်ဘုရင် ထစ်ချုန်းဆင်ကာ
မြေပြင်မိုးစက် ကြွေဆင်းသက်သည်
မြင်သည်ရှိနေ မိုးရောက်လေပြီ
သိပေသည်.........
မြောက်ပြန်လေထူး တမြူးမြူးနဲ့
တိုက်ကြူးကာလွင့် နှင်းဖက်ပွင့်တို့
မျှောလွင့်လာသည် သိခဲ့သည်ရှိ
ဆောင်းသည်ရောက်တာ
သိလာပြီ........
နွေမိုးဆောင်းကွယ် ကုန်ဆုံးလွယ်သည်
ရှောင်ဖယ်ချင်က သင်မရ.........
မိုးဆောင်းနွေနဲ့ ကုန်ဆုံးခဲ့သော
သင့်ရဲ့အသက် တစ်နှစ်ထက်တိုး
နောင်ထက်တိုးချည်
ရောက်ခဲ့ပြီ..........
No comments :
Post a Comment