ကဲ..........မိတ်ဆွေတို့ရေ ကြိုက်သလောက်တီး ကြိုက်သလောက်ဆွဲ မိုက်မှမိုက် ဟဲဟဲ
Saturday, May 25, 2013
Thursday, May 23, 2013
*******ရေးထိုးရမဲ့...ဒိုင်ယာရီ********
ဘ၀ကခါးခါး လောကဓံကကြမ်းတမ်းအချစ်ကချိုချို အမုန်းက၀ါးမျို
ဒါဟာ ဘုရားသခင် ချမှတ်တဲ့
ငါ့ဘ၀ ကံကြမ္မာပေလား
ဘာပဲဖြစ်ဖြစ် ဘယ်လိုပဲနေနေ
ဘယ်ချိန်ခါပဲရောက်ရောက်
ဘုရားသခင်ဖန်ဆင်းတဲ့ ငါ့ဘ၀ ဇာတ်ခုံ
ခလေးစုတ်ချက်လောက်တောင် မလှပတဲ့ငါ့ဘဝ
ပြီးဆုံးအောင်တော့ က ရအုံးမယ်
ဘ၀စာမျက်နှာ အဖြူပေါ်မှာ
အတိတ်ရဲ့ သက္ကရဇ်တွေရေးထိုးလို့
ခရီးကြမ်းကို ဆက်ရအုံးမယ့်......ငါ
ကဲ............လောကဓံမုန်တိုင်းရေ
လာတိုက်လှည့်တော့
ငါ အသင့်ပဲ
....ဖြိုးကိုကို.....
*******ညီမလေးသို့.......တမ်းချင်း


ရွက်ဟောင်းကဆွေ ရွက်ခြောက်တွေကြွေ
ရွက်သစ်ဝေလို့ ခါနွေဦးတောင်
ရောက်ခဲ့ပြန်ပြီ ညီမလေး.........
ဒီလိုချိန် ဒီလိုနေရာ ဒီလိုလမှာ
အပြုံးပန်းတွေ ပြာကျလို့
အမုန်းမီးတွေ သင့်ခဲ့ရတာ
ဘာကြောင်းကြောင့်လည်း ........ ညီမလေးရယ်............
သောကအပူ ကျွမ်းလောင်သင့်ခံ
နှလုံးသားလေး ကန္တာရတစ်ခုလိုဖြစ်ခဲ့၇တာ
မင်း မြင်နိုင်ပါ့မလား ညီမလေး............
ပူပြင်းလောင်မြှိုက် ခါနွေဦးတောင်
ငါ့နှလုံသားရဲ့ အဝေးတစ်နေရာ
ဦးညွတ်လို့ အခါခါ နောက်သို့လှည့်ခါ
ပြန်ပြေးခဲ့ပေါ့..........ညီမလေးရယ်..........
ဥသြငှက်လေး တေးဆိုတော့မယ်
ပြန်မလာသေးဘူးလား........ညီမလေး
ဥသြငှက်လေး တေးဆိုရင်းနဲ့ မေးနေပြီ
ပြန်လာခဲ့ပါတော့ ............ညီမလေးရယ်........
။။။။ကြိုတင်ခံစား နွေဦးအား။။။။။။
။။။။ခံစားရေးစပ် တင်ပြသည်။။။။။။။။။။။။။
*******ချစ်ခြင်းကဗျာ*******
ချစ်သူ...........
ကေသရာဇာခြင်္သေ့မင်းလို ရဲရင်မှု့မျိုးနဲ့
နင့်အတွက် ငါ လုံခြုံမှု့ ပေးစွမ်းချင်လိုက်တာ
ချစ်သူ...............
ငါသာ လေးပြေညှင်းလေး ဖြစ်ခဲ့ရရင်
လောကဓံကို မာန်ကိုတင်း အံကိုကြိတ်ကာ
ရင်ဆိုင်ရလို့ မောပန်းနေတဲ့ နင့် နှလုံးသားအတွက်
အမောပြေစေချင်တယ်
ဒါဟာ တိုင်တည်စရာမလိုတဲ့ ငါ့ရင်ထဲကလာတဲ့
စစ်မှန်တဲ့ ချစ်ခြင်းပါပဲ
ချစ်သူ..........
ငါဟာ နှင်းပွင့်လေး ဖြစ်ခဲ့မယ်ဆိုရင်
ပူလောင်နေတဲ့ နင့်ရဲ့ ရင်တွင်း
အေးမြစေမယ်
ချစ်သူ............
ငါသာ သူရိန်နေမင်းလို အလင်းရောင်မျိုး ရနိုင်ခဲ့ရင်
အမှောင်ကျနေတဲ့ နင့်ရဲ့ နှလုံးသားတောင်ကုန်း
အလင်းပေးလို့ သိမ်းပိုက်ချင်တယ်
ပြီးရင်...........
အလံဖြူပြလို့ ငြိမ်းချမ်းစွာ ခိုလှုံခွင့်ရချင်တယ်
နင့်ရဲ့ နှလုံးသား တစ်နေရာမှာပေါ့
ချစ်သူ............
ငါသာ လမင်းလေး ဖြစ်ခွင့်ရခဲ့မယ်ဆိုရင်
နင့်အိမ်ရဲ့ တံစက်မြိတ်မှာ ယီးလေးခိုလို့
ငါရဲ့ တစ်ဦးတည်းသော နင့်အတွက် လင်းစေလိုက်မယ်
ကြယ်စင်တွေကို ဖိတ်လို့ခေါ်ပြီး
တေးသွားစပ်လို့ သီဆိုခိုင်းမယ် နင့်အတွက်ပေါ့
ဒါဟာ......... လ သီးချင်းနဲ့ ကြယ်စင်တေးသွား
နားဆင်ကြည့်ပါ ချစ်သူ
နင့်ရဲ့ သောတအာရုံ တိမ်းညွတ်လို့ ယစ်မူးသွားစေလိမ့်မယ်
တေးသွားတစ်ပုဒ် ဟစ်ကြွေးရင်းနဲ့
ပြီးဆုံးသွားရင် မအိပ်ပါနဲ့အုံး ချစ်သူ
ကြယ်ကလေးတွေ ငါ့အကြောင်း
အတင်းဆိုတာ နားစွင့်ပေးပါအုံး
နင့်အပေါ်ထားတဲ့ ငါ့ရဲ့ အနှိုင်းမဲ့ ချစ်ခြင်းမေတ္တာတွေ အကြောင်း
သူတို့ အတင်းစကား ဆိုလိမ့်မယ်
ဒါဟာ နင့်အတွက် ရေးစပ်ထားတဲ့
ငါ့ရဲ့ ချစ်ခြင်းကဗျာပဲပေါ့................
..................ဖြိုးကိုကို.................
အရက်သမားလင်္ကာ


တနေကုန်လို့ နေ၀င်သွားရင်
ဆုံနေကြဆီ လာခဲ့ကွယ်
အဖေါ်ပေါင်းတွေ ဆုံပြီလားကွဲ့
ဘုံဆိုင်ဆီသို့ ချီတတ်မယ်
ဘုံဆိုင်ရောက်ရင် သောက်ကာစားလို့
တစ်ယောက်တခွန်း အော်ကြမယ်
အိုကွယ်တယ်ရင်း ငြိမ်မနေနဲ့
မင်းရဲ့သောက ပြောပြကွယ်
သောကပူတွေ ရင်ထဲထားနဲ့
သူရာရည်နဲ့ မျှောချကွယ်
သူရာဆိုတာ တို့အတွက်တော့
ခဏရတဲ့ သုခကွယ်
(နာတောင် ရေးရင်းနဲ့ တောက်ချင်လာပီ ငိငိ)
ငါ့လူတွေရယ် တော်ကြတော့ကွဲ့
မင်းတို့ခေါင်းတွေ စိုက်နေတယ်
ရေချိန်ကိုက်ရင် လစ်ကြဆို့ကွဲ့
ရွာရိုးကိုးပေါက် လျှောက်ကြမယ်
တို့ကိုကြည့်ရင် ဂျိုပြန်ပေးကွဲ့
ငါကိုင်တုတ်လို့ ချဲလင့်မယ်
အသိတွေ့ရင် ရစ်အုံးမယ်ကွဲ့
အရက်ဖိုးလေး ရငြားကွယ်
ရက်ဖိုးပေးရင် လွှတ်သာထားလိုက်
ပေးဘူးဆိုမှ ၀ိုင်းဘေမယ်
(အဲဒါ အရက်တမားတွေရဲ့အကျင့်ပဲ ဟီဟီ)
ငါ့လူတွေရယ် မင်းတို့ခေါင်းတွေ
အပေါ်လေးသို့ မော့စမ်းကွယ်
7စင်ကြယ်လေး အမြှီးထောင်လို့
ယိုင်တိုင်တိုင်နဲ့ ကနေတယ်
ဒါဆိုရင်တော့ ပြန်ကြစို့ကွဲ့
အိပ်ချိန်တန်ဖို့ သင့်ပြီကွယ်
အိမ်ကိုရောက်ရင် သံကြားစေနဲ့
ခွေးတိုးပေါက်က တိုးဝင်ကွယ်
ခဏရတဲ့ အိပ်ချိန်လေးမှာ
စဉ်းစားနေနဲ့ အိပ်ပါကွယ်
နောက်တနေ့သာ သောကများကို
ရင်ဆိုင်နိုင်ဖို့ အားရှိမယ်
အိပ်မယ် အိပ်မယ်
....ဖြိုးကိုကို......
တောရွာက အရက်သမားတွေရဲ့
ဓလေ့ထုံးတမ်းပါခင်ည ဟဲဟဲ
Labels:
အရက်သမားလင်္ကာ ..ဖြိုးကိုကို...
“တိမ်စွန်လေလျှင်ဖူးရောက်ချင်”
တောင်ငူဘုရင် နတ်သျှင်နောင်ရဲ့ ရတုတွေပါခင်ဗျ နှစ်ပုဒ်ပါ
မဖတ်ဖူးသေးတဲ့ ရွှေမြို့တော်က မိတ်ဆွေသူငယ်ချင်းတွေအတွက်
ဖတ်ဖူးစေချင်လို့ တင်ပြလိုက်ပါတယ်...... ဖတ်ဖူးပြီးတဲ့ သူငယ်ချင်းတွေ ပြန်ဖတ်လို့လည်း ရပါတယ်ဗျာ
****“တိမ်စွန်လေလျှင်ဖူးရောက်ချင်”*****
ပေါ်နွေလလျှင် တောင်ကခြိမ့်မြူး မင်းလွင်ဦးနှင့်၊
ပျံ့ပျူးချုပ်ထိုင်း မုန်တိုင်းဆင်လို၊
တိမ်ညိုမှိုင်းထပ် ပြက်လျှပ်ပြကာ၊
စိမ်းဝါ မိုးပန်း ထွေထွေစွန်းက၊
ရေသွန်းသာကြည် ပျော်ရမည်ဟု၊
ပျော်ရမည်ကို မြရည်သက်မှတ်၊
ရောက်ခဲလတ်ဟု ချစ်ထွတ်တင်သည်၊
ပြာစင်ရွှန်းလတ် ဖြူဝင်းမွတ်လျှင်၊
ကြာညွတ်ဖယောင်း နေရှိန်ပျောင်းသို့၊
ဆင့်လောင်းလွှမ်းဝှန် ရှိလိမ့်ဟန်ကို၊
တိမ်စွန်လေလျှင် ဖူးရောက်ချင်သည်၊
ငှက်သွင်ပျံကြွ မတတ်သောဝ်……………..။
မျှော်ချေကလျှင် ကာလအလျှောက်၊
ပိတောက်လျှံခဲ ပုလဲသွယ်ငုံသွယ်၊
အလှယ်လှယ်တိ စပယ်ဖြူမွှေး စကားသေးကို၊
မြတ်လေးစုံမက် ကျွန်ုပ်လက်ဖြင့်၊
ရွေးလျက်ရွရွ မဆင်ရတည့်၊
ကာလသို့အောင် ရည်စောင်ပန်းမာလ်၊
မမီလွန်က ချိန်တန်သို့တည်၊
ပြန်မည်လေသာ မရောက်လှာဟု၊
ကြံကာခွေ၍ နေလိမ့်မည်ကို၊
ရှိသည်မှု့ရန် မင်းရေးဝန်ကြောင့်၊
လျှောက်ပန်စေ့ရေ မချေရသော်၊
ပြိုက်ကျသွယ်ဖြည်း နှင်းလက်သည်း၍၊
ဝမ်းနည်းလျှက်ပင် ပျောင်းလိမ့်ထင်သည်၊
ညက်စင်စံမြ အထွတ်သောဝ်………………….။
ဖျော်ဖြေမှလျှင် ယုယသံချို ၊
ပြေလိုစိမ့်သား ကျူးပိုက်ဖြား၍၊
ချီသွား မူးမူး ရှေ့ရက်ဦးက၊
မကျုးထင်ထင် ကဆုန်တွင်ကို၊
ကျိုင်းစင်မြခဲ စစ်ပွဲရန်နှည်၊
နှုတ်ခြည်ပေါ်သာ ဆိုလေရှာကြောင့်၊
မလ္လာရနံ့ ထုံပျံ့ပန်းသက်၊
ခြူးနတ်ဆင့်ကုံး စိန်ပွင့်အုံးဝယ်၊
ပင်ရုံးရွရွ လက်သင်မ၍
သက်မျှငယ်ချစ် ပျောင်းလိမ့်ဖြစ်ကို၊
စီစစ်မိမိ သတိချုပ်ဆည်၊
ပြေမည်မျှဝေး ချစ်ဝန်လေးခဲ့ ၊
ရေးရေးဖူးချင် မယ်သို့လျင်သည်၊
စက်ရှင်လျှံမျှ ရဟတ်သောဝ်…………………။
***“လှထွတ်ခေါင်”***
တင့်လှပေဟန် ဘက်မရန်တည့်၊
ခြောက်တန်နတ်ရွာ ဘုံကလာသို့၊
ပြာပြာလတ်လတ် မွတ်မွတ်ညက်ညက်၊
ရွှန်းစက်စက်မျှ ၀င်းလက်ရောင်ရွှေ၊
အခေါင်ပေတည့် တောင်နေနတ်ဟန်၊
မြတ်သစ်ကြန်နှင့် ပန်းမာလ်ရေးချေ၊
ထုံးနေမကြော့ ပတ်လျော့ဆံကြာ၊
ကျတိုင်းသာလျှင် ရွှေဝါပိတ်ရှင်း၊
ထည်ချင်းစပယ် နံ့ကြွယ်လှိုင်ကြူ၊
မဉ္စူမျက်မည်း ပေါ်ထပ်စည်းနှင့်၊
မရည်းမထင် ဖြုတ်ချည်းမြင်က၊
နတ်ပင်ယိုးမှား ၀ိုးဝါးတွေးချွတ်၊
စိတ်လုံးညွှတ်လည်
ဘုံထွတ်နန်းတောင်နေတို့လော…………….။
ရင့်မျှရွှေကျန် ရွက်မပွန်တည့်၊
ဝါကြန်နီမောင်း ပင်တိုင်းပြောင်းက၊
သက်ပေါင်းထင်ယုံ လှနိတုံလည်း၊
ပန်းစုံရောယှက် ထုံးမြရွက်နှင့်၊
လိုက်ဘက်တင့်မှတ် ကိုယ်ဝတ်တော်မှာ၊
မလ္လာရနံ့ မွှေးပျံ့ ကြိုင်ရွှင်း၊
ပယင်းရောင်ခြည် ပွတ်လဲ့ကြည်သို့၊
မြရည်ကြောစိမ်း လဲ့လဲ့ရှိန်းမြ၊
ခပ်သိမ်းကလျာ ရှု့ဖွယ်သာလျှင်၊
သိင်္ဂါလျှံတောက် လက်ကောက်လက်ကြပ်၊
ရည်လျှပ် ဆံကျင် မျှမဆင်လည်း၊
တိုင်းပင်တင့်မှတ် လှခေါင်ထွတ်သည်၊
ကြာနတ်တန်းဆောင်ပေတို့လော………………….။
ဆင့်ချစွေသွန် ရက်မချန်တည့်၊
ယုဂန်အလုံး မြရည်ဖုံးသား၊
လှဆုံးတင့်နေ ထုံးသရေလည်း၊
ထွေထွေကြည့်တိုင်း ပြစ်မျိုးရိုင်းသည်၊
စံခိုင်းလှော်သစ် ရွှေနှယ်နှစ်မျှ၊
တင်ပြစ်မစက် လဲ့လဲ့ညက်သား၊
ထက်နတ်ဘုံနေ ခုသာကြွေသို့၊
ထင်ချေရှု့မြော် အကျော်ပျံ့မွှန်း၊
ဝင်းငြိမ့်ရွှန်းကို တောင်နန်းနေလော၊
နတ်ပေလောဟု တွေးတောချေမိ၊
ထပ်မသိခဲ့ ထင်မိဖြုတ်ချည်း၊
မြော်ကတည်းက အူသည်းစုညွှတ်၊
သက်လုံးပြတ်သည်
လျှံပတ်ထွန်းရောင် ဝေတို့လော……………..။
မဖတ်ဖူးသေးတဲ့ ရွှေမြို့တော်က မိတ်ဆွေသူငယ်ချင်းတွေအတွက်
ဖတ်ဖူးစေချင်လို့ တင်ပြလိုက်ပါတယ်...... ဖတ်ဖူးပြီးတဲ့ သူငယ်ချင်းတွေ ပြန်ဖတ်လို့လည်း ရပါတယ်ဗျာ
****“တိမ်စွန်လေလျှင်ဖူးရောက်ချင်”*****
ပေါ်နွေလလျှင် တောင်ကခြိမ့်မြူး မင်းလွင်ဦးနှင့်၊
ပျံ့ပျူးချုပ်ထိုင်း မုန်တိုင်းဆင်လို၊
တိမ်ညိုမှိုင်းထပ် ပြက်လျှပ်ပြကာ၊
စိမ်းဝါ မိုးပန်း ထွေထွေစွန်းက၊
ရေသွန်းသာကြည် ပျော်ရမည်ဟု၊
ပျော်ရမည်ကို မြရည်သက်မှတ်၊
ရောက်ခဲလတ်ဟု ချစ်ထွတ်တင်သည်၊
ပြာစင်ရွှန်းလတ် ဖြူဝင်းမွတ်လျှင်၊
ကြာညွတ်ဖယောင်း နေရှိန်ပျောင်းသို့၊
ဆင့်လောင်းလွှမ်းဝှန် ရှိလိမ့်ဟန်ကို၊
တိမ်စွန်လေလျှင် ဖူးရောက်ချင်သည်၊
ငှက်သွင်ပျံကြွ မတတ်သောဝ်……………..။
မျှော်ချေကလျှင် ကာလအလျှောက်၊
ပိတောက်လျှံခဲ ပုလဲသွယ်ငုံသွယ်၊
အလှယ်လှယ်တိ စပယ်ဖြူမွှေး စကားသေးကို၊
မြတ်လေးစုံမက် ကျွန်ုပ်လက်ဖြင့်၊
ရွေးလျက်ရွရွ မဆင်ရတည့်၊
ကာလသို့အောင် ရည်စောင်ပန်းမာလ်၊
မမီလွန်က ချိန်တန်သို့တည်၊
ပြန်မည်လေသာ မရောက်လှာဟု၊
ကြံကာခွေ၍ နေလိမ့်မည်ကို၊
ရှိသည်မှု့ရန် မင်းရေးဝန်ကြောင့်၊
လျှောက်ပန်စေ့ရေ မချေရသော်၊
ပြိုက်ကျသွယ်ဖြည်း နှင်းလက်သည်း၍၊
ဝမ်းနည်းလျှက်ပင် ပျောင်းလိမ့်ထင်သည်၊
ညက်စင်စံမြ အထွတ်သောဝ်………………….။
ဖျော်ဖြေမှလျှင် ယုယသံချို ၊
ပြေလိုစိမ့်သား ကျူးပိုက်ဖြား၍၊
ချီသွား မူးမူး ရှေ့ရက်ဦးက၊
မကျုးထင်ထင် ကဆုန်တွင်ကို၊
ကျိုင်းစင်မြခဲ စစ်ပွဲရန်နှည်၊
နှုတ်ခြည်ပေါ်သာ ဆိုလေရှာကြောင့်၊
မလ္လာရနံ့ ထုံပျံ့ပန်းသက်၊
ခြူးနတ်ဆင့်ကုံး စိန်ပွင့်အုံးဝယ်၊
ပင်ရုံးရွရွ လက်သင်မ၍
သက်မျှငယ်ချစ် ပျောင်းလိမ့်ဖြစ်ကို၊
စီစစ်မိမိ သတိချုပ်ဆည်၊
ပြေမည်မျှဝေး ချစ်ဝန်လေးခဲ့ ၊
ရေးရေးဖူးချင် မယ်သို့လျင်သည်၊
စက်ရှင်လျှံမျှ ရဟတ်သောဝ်…………………။
***“လှထွတ်ခေါင်”***
တင့်လှပေဟန် ဘက်မရန်တည့်၊
ခြောက်တန်နတ်ရွာ ဘုံကလာသို့၊
ပြာပြာလတ်လတ် မွတ်မွတ်ညက်ညက်၊
ရွှန်းစက်စက်မျှ ၀င်းလက်ရောင်ရွှေ၊
အခေါင်ပေတည့် တောင်နေနတ်ဟန်၊
မြတ်သစ်ကြန်နှင့် ပန်းမာလ်ရေးချေ၊
ထုံးနေမကြော့ ပတ်လျော့ဆံကြာ၊
ကျတိုင်းသာလျှင် ရွှေဝါပိတ်ရှင်း၊
ထည်ချင်းစပယ် နံ့ကြွယ်လှိုင်ကြူ၊
မဉ္စူမျက်မည်း ပေါ်ထပ်စည်းနှင့်၊
မရည်းမထင် ဖြုတ်ချည်းမြင်က၊
နတ်ပင်ယိုးမှား ၀ိုးဝါးတွေးချွတ်၊
စိတ်လုံးညွှတ်လည်
ဘုံထွတ်နန်းတောင်နေတို့လော…………….။
ရင့်မျှရွှေကျန် ရွက်မပွန်တည့်၊
ဝါကြန်နီမောင်း ပင်တိုင်းပြောင်းက၊
သက်ပေါင်းထင်ယုံ လှနိတုံလည်း၊
ပန်းစုံရောယှက် ထုံးမြရွက်နှင့်၊
လိုက်ဘက်တင့်မှတ် ကိုယ်ဝတ်တော်မှာ၊
မလ္လာရနံ့ မွှေးပျံ့ ကြိုင်ရွှင်း၊
ပယင်းရောင်ခြည် ပွတ်လဲ့ကြည်သို့၊
မြရည်ကြောစိမ်း လဲ့လဲ့ရှိန်းမြ၊
ခပ်သိမ်းကလျာ ရှု့ဖွယ်သာလျှင်၊
သိင်္ဂါလျှံတောက် လက်ကောက်လက်ကြပ်၊
ရည်လျှပ် ဆံကျင် မျှမဆင်လည်း၊
တိုင်းပင်တင့်မှတ် လှခေါင်ထွတ်သည်၊
ကြာနတ်တန်းဆောင်ပေတို့လော………………….။
ဆင့်ချစွေသွန် ရက်မချန်တည့်၊
ယုဂန်အလုံး မြရည်ဖုံးသား၊
လှဆုံးတင့်နေ ထုံးသရေလည်း၊
ထွေထွေကြည့်တိုင်း ပြစ်မျိုးရိုင်းသည်၊
စံခိုင်းလှော်သစ် ရွှေနှယ်နှစ်မျှ၊
တင်ပြစ်မစက် လဲ့လဲ့ညက်သား၊
ထက်နတ်ဘုံနေ ခုသာကြွေသို့၊
ထင်ချေရှု့မြော် အကျော်ပျံ့မွှန်း၊
ဝင်းငြိမ့်ရွှန်းကို တောင်နန်းနေလော၊
နတ်ပေလောဟု တွေးတောချေမိ၊
ထပ်မသိခဲ့ ထင်မိဖြုတ်ချည်း၊
မြော်ကတည်းက အူသည်းစုညွှတ်၊
သက်လုံးပြတ်သည်
လျှံပတ်ထွန်းရောင် ဝေတို့လော……………..။
***‘မလင်းပြာသို့ …’***
ဟိုး လွန်ခဲ့တဲ့ နှစ်ပေါင်း (၄၀) ကျော်က ပေါ်ခဲ့တဲ့
ဆရာမောင်သာနိုးရဲ့ ‘မလင်းပြာသို့ …’ ကဗျာလေးကို ဖေါ်ပြလိုက်ပါသည်
အပြည့်စုံတော့မဟုတ်ပါဘူး
***‘မလင်းပြာသို့ …’***
စပိန်စကားမတတ်ပေမယ့်
ပေါ်တူဂီစကားမတတ်ပေမယ့်
တောင်အမေရိကကိုသွားချင်တယ် ...
အောက်တိုဗီယိုပါ့ဇ်ရဲ့ ကဗျာတွေ
အက်ဆေးတွေကို သဘောကျလို့
ကာလို့စ်ဆန်တားနားရဲ့
ဂစ်တာသံကို သဘောကျလို့ ...
စပိန်စကားမတတ်ပေမယ့်
ပေါ်တူဂီစကားမတတ်ပေမယ့်
တောင်အမေရိကကိုသွားချင်တယ် ...
ချေဂွေဗားရား ကျဆုံးခဲ့တဲ့
ဘိုလီးဗီးယားတောတွင်းတနေရာကို
သွားကြည့်ချင်တယ်
မက္ကဆီကို စီးတီးက ကဖေးတခုမှာ
ဂါစီယာမားကွက်ဇ်နဲ့
အထီးကျန်နှစ်တစ်ရာအကြောင်း
မေးကြည့်ချင်တယ်
ဗြူနိုအေရီမှာ မာရာဒိုနာနဲ့တွေ့ပြီး
လာမယ့် ကမ္ဘာ့ဖလားအကြောင်း
စကားကောင်းမယ် ...
မက်ဒရစ်ရောက်ရင် နီရူဒါနေခဲ့တဲ့အိမ်ကို
လိုက်ရှာမယ်
ပြီးတော့ ... သူ့ရဲ့ကဗျာတွေပြန်ဖတ်မယ်
ဗင်နီဇွဲလားက ရေနံတွင်းအလုပ်သမားတွေနဲ့
ဗျစ်ရည်ခါးခါးကို အတူသောက်မယ် ...
ရီယိုမြို့က ကပွဲရုံတွေမှာ
ကချေသည်မတွေရဲ့ ဆမ်းဗားအက ကြည့်မယ် ...
မလင်းပြာ ...
ငါနယူးယောက်ကိုသွားရမယ်။
အဲဒီမှာ
‘ဗီယက်နမ် စစ်ညစ် ရပ်စဲပစ်’
တို့လူငယ်တွေမသေချင်ဘူး
ရင့်ကျူး ဟစ်ဆို
‘အင်ပါယာ’
အဆောက်အဦးကြီးပြိုမတတ်
ဖြိုမရ ခွဲမရ
ဆန္ဒပြတပ်ကြီးတွေ
ဒီရေလှိုင်းအိ
တတိတိ ချီတက်နေရာ
ငါ ပိုစတာတခုဆွဲပြီး လိုက်အုံးမယ်။
ဆရာမောင်သာနိုးရဲ့ ‘မလင်းပြာသို့ …’ ကဗျာလေးကို ဖေါ်ပြလိုက်ပါသည်
အပြည့်စုံတော့မဟုတ်ပါဘူး
***‘မလင်းပြာသို့ …’***
မလင်းပြာ …
ငါ ဗီယက်နမ်ကိုသွားရမယ်။ အဲဒီမှာ ... ရွှံ့ရည်ညစ်ညစ် သလုံးသားနစ်တဲ့ လယ်တရိုးမှာ ပျိုးနှုတ်နေသူလုံမရဲ့ ကျောက ရိုင်ဖယ်ကိုယူ ကျူးလာသူ လေယာဉ်မှန်သမျှ ငါ စောင့်ပစ်ပေးရမယ်။ ငါ ရိုဒီးရှားကိုသွားရမယ်။ အဲဒီမှာ ... လူဖြူ လက်ဆုပ်စာက ငါတကော မင်းလုပ် ပြည်သူကို ချယ်လှယ်သွေးစုပ်ပြီး ကျွန်လုပ်ညှဉ်းဆဲနေကြရာ ရရာလက်နက်ကို ကိုင်စွဲ ပြည်သူတွေ တော်လှန်စစ်ကိုဆင်နွှဲနေကြရာ အသားမဲတွေဖက်က ငါ ၀င်ကူတိုက်ပေးမယ်။ မလင်းပြာ ... မိုဇမ်ဗစ် အန်ဂိုးလာ ဇန်ဘာဗွေ ကွန်ဂိုး အာဖရိက တရိုးမယ် နိုးကြား လက်နက်စွဲ တိုက်ပွဲဝင်နေသူ လူမဲတွေရဲ့ ခြိမ့်ခြိမ့်သဲ စစ်ဗုံးသံ ဘ၀ဂ်သို့ ညံနေရာ ငါ စစ်ချီတေးတွေ သွားဆိုမယ်။ |
ပေါ်တူဂီစကားမတတ်ပေမယ့်
တောင်အမေရိကကိုသွားချင်တယ် ...
အောက်တိုဗီယိုပါ့ဇ်ရဲ့ ကဗျာတွေ
အက်ဆေးတွေကို သဘောကျလို့
ကာလို့စ်ဆန်တားနားရဲ့
ဂစ်တာသံကို သဘောကျလို့ ...
စပိန်စကားမတတ်ပေမယ့်
ပေါ်တူဂီစကားမတတ်ပေမယ့်
တောင်အမေရိကကိုသွားချင်တယ် ...
ချေဂွေဗားရား ကျဆုံးခဲ့တဲ့
ဘိုလီးဗီးယားတောတွင်းတနေရာကို
သွားကြည့်ချင်တယ်
မက္ကဆီကို စီးတီးက ကဖေးတခုမှာ
ဂါစီယာမားကွက်ဇ်နဲ့
အထီးကျန်နှစ်တစ်ရာအကြောင်း
မေးကြည့်ချင်တယ်
ဗြူနိုအေရီမှာ မာရာဒိုနာနဲ့တွေ့ပြီး
လာမယ့် ကမ္ဘာ့ဖလားအကြောင်း
စကားကောင်းမယ် ...
မက်ဒရစ်ရောက်ရင် နီရူဒါနေခဲ့တဲ့အိမ်ကို
လိုက်ရှာမယ်
ပြီးတော့ ... သူ့ရဲ့ကဗျာတွေပြန်ဖတ်မယ်
ဗင်နီဇွဲလားက ရေနံတွင်းအလုပ်သမားတွေနဲ့
ဗျစ်ရည်ခါးခါးကို အတူသောက်မယ် ...
ရီယိုမြို့က ကပွဲရုံတွေမှာ
ကချေသည်မတွေရဲ့ ဆမ်းဗားအက ကြည့်မယ် ...
မလင်းပြာ ...
ငါ လက်တင်အမေရိကကို သွားရမယ်။
အဲဒီမှာ
ဗင်နီဇွေးလား ကင်ယွန်
ရေတံခွန် ရှိုအကြား
ပြောက်ကျားစခန်းတခုကနေ
လှုပ်ရှားမှုရေးရာများနဲ့ပတ်သက်လို့
ရဲဘော် ‘ချေ’ ဂွေဗားရားရဲ့
ညွှန်ကြားချက်တစောင်ကို
တောင်တွေဖြတ်သန်း
မြိုင်တန်းတွေရှိုးဝင်
လွင်ပြင်မှာ ၀ပ်တွား
ပြေးလွှားပို့ပေးမယ့်
တော်လှန်ရေးဆက်သားတွေ
လိုနေသတဲ့ကွယ်။
ငါ လက်တင်အမေရိကကို သွားရမယ်။
အဲဒီမှာ
ဗင်နီဇွေးလား ကင်ယွန်
ရေတံခွန် ရှိုအကြား
ပြောက်ကျားစခန်းတခုကနေ
လှုပ်ရှားမှုရေးရာများနဲ့ပတ်သက်လို့
ရဲဘော် ‘ချေ’ ဂွေဗားရားရဲ့
ညွှန်ကြားချက်တစောင်ကို
တောင်တွေဖြတ်သန်း
မြိုင်တန်းတွေရှိုးဝင်
လွင်ပြင်မှာ ၀ပ်တွား
ပြေးလွှားပို့ပေးမယ့်
တော်လှန်ရေးဆက်သားတွေ
လိုနေသတဲ့ကွယ်။
ငါနယူးယောက်ကိုသွားရမယ်။
အဲဒီမှာ
‘ဗီယက်နမ် စစ်ညစ် ရပ်စဲပစ်’
တို့လူငယ်တွေမသေချင်ဘူး
ရင့်ကျူး ဟစ်ဆို
‘အင်ပါယာ’
အဆောက်အဦးကြီးပြိုမတတ်
ဖြိုမရ ခွဲမရ
ဆန္ဒပြတပ်ကြီးတွေ
ဒီရေလှိုင်းအိ
တတိတိ ချီတက်နေရာ
ငါ ပိုစတာတခုဆွဲပြီး လိုက်အုံးမယ်။
Labels:
***‘မလင်းပြာသို့ …’***
“ ဆောင်းဖွဲ့ ” (လေးဆစ်) (အချုပ်တန်းဆရာဖေ)

သဉ္စာလီ ဗွေပြဒုမှာဖြင့်၊
ခင်သာကီ တမေပု ကိုလ၊
ဖေယခု ပိုက်လှဲ့ ဆို။
မလုံသေးနိုင်ဘု၊
တုန်အေးရှာ တင်တမေငဲ့၊
ရင်ရွှေကို လေပြေခတယ်၊
သွဲကြစိမ့်ဖို။
တသန်းတန်ရတီဖို့ သော်လဲ၊
ကြငှန်းပျံ ကတီမို့ မှာတော့၊
မဒီပျို့ ဆောင်းရိပ်ခိုငယ်၊
အချမ်းပိုပါလို့ ငိုချင်ဆဲ။
ငွေနှင်းငယ်ထန်၊
ချွေညှင်းတညံညံနှင့်၊
ရေကင်းသံ တဖန်ကြားရင်လ၊
လွမ်းအားတော် ပွေဗျာလှိုင်လို့၊
ကေညာခိုင် စုခင်လေးမှာ၊
(ကိုယ်တော်ရေ) မှေးစက်နိုင်ဘဲ။ ။
(အချုပ်တန်းဆရာဖေ)
ဖတ်ဖူးသူကောမဖတ်ဖူးသူကော မျှဝေပေးလိုက်ပါသည်
ဂီတနက်သန်ကိုစောညိန်း ဆယ့်လေးနှစ်သားအရွယ်က ရေးသားခဲ့သော ရတုကဗျာဖြစ်ပါသည်
ဆောင်းနေ့အလွမ်း
ဝင်းနေနီတျာ၊ သူရိယာဟု၊ ဖန်ဝါလှည့်လည်၊ ကြွမြန်းချီလျက်၊ ဥဒည်တောင်စွန်း၊ ယုဂန်ကျွန်းမှ၊ စက်ဝန်းပေါ်ထွက်၊ အရုဏ်တက်တွင်၊ နှစ်သက်စဖွယ်၊ လွန်တင့်တယ်သား၊ ရေးခြယ်ပြုပြင်၊ စုတ်ဆေးတင်သို့၊ ကောင်းကင်အာကာ၊ စိမ်းပြာဝါနှင့်၊ နီတျာဝင်းရီ၊ ဖျန်းရောင်ခြည်ကြောင့်၊ တိမ်နီတိမ်ဝါ၊ ငွေတိမ်ပြာတို့၊ မိလ္လာမြူခြေ၊ ပတ်လွှမ်းဝေသည်။ ။ နှင်းငွေရည်ဖြာ ဖျန်းသည့်ခါ။နှင်းငွေရည်ဖြာ၊ ကမ္ဗလာသို့၊ အာကာဝေမှုံ၊ တသုံသုံနှင့်၊ မှိုင်းအုံလုလု၊ ငွေနှင်းဥကြောင့်၊ မေယုစက္ကိန်၊ အာဒေဝိန်ဟု၊ ရဝိန်လင်းလျှံ၊ မှိန်အောင်ဖန်၍၊ စက်ပျံဖန်ဒေါင်း၊ နှင်းငွေ့လောင်းသော်၊ သောင်းလောကဓာတ်၊ အထပ်ထပ်ကို၊ ရစ်ပတ်မှုံဝေ၊ မလင်းစေလျက်၊ တိမ်လေနှင်းမြူ၊ တလူလူတွင်၊ လွမ်းသူသက်ဝေ၊ ဆွေးမပြေသည်။ ။ ညှင်းလေသီတာ လွှမ်းသည့်ခါ။
ညှင်းလေသီတာ၊ ဟေမန္တာမို့၊ ဖြာဖြာယူသွေး၊ လေပြည်အေးသော်၊ ပူဆွေးမပြေ၊ ငယ်ကျွမ်းဆွေကို၊ သက်ဝေတတမ်း၊ နေ့တိုင်းလွမ်း၍၊ စခန်းသာစွ၊ ဝေးဌာနမှ၊ တမ်းတခါခါ၊ ပြန်ရွှေလွှာကို၊ စေရှာလိမ့်နိုး၊ မျှော်တကိုးလျက်၊ ဖော့ရိုးရွှေလည်၊ ကျိုးလုပြီထင့်၊ မဆည်ဗျာထု၊ သည်းကျွမ်းလုအောင်၊ ငွေဥမျက်ရည်၊ တွေးတိုင်းကြွေသည်။ ။ ဝင်းနေနီတျာ သန်းသည့်ခါ။
ကိုစောညိန်း (ဂီတနက်သန်)ရတု
သူငယ်ချင်းမိတ်ဆွေတွေအတွက် မျှဝေပေးလိုက်ပါသည်
မယှဉ်နှိုင်းရာ(စလေဦးပုည တေးထပ် နှစ်ပုဒ်)
မဖတ်ဘူးသေးတဲ့ မိတ်ဆွေသူငယ်ချင်းတွေအတွက်ပါ
ဖတ်ဖူးအောင်လို့ တင်ပြလိုက်ပါသည်မယှဉ်နှိုင်းရာ
ခါးတောင်းကျိုက် ပိတုန်းပိတ်နှင့်၊ကျုံးထိပ်ကငဖေ၊
တုန်းပြိတ္တတစ္ဆေလို၊
အသရေ ဟိတ်နွမ်း၊
အသွင်နှင့် အမြင်မှန်တယ်၊
ဘဝင်ခံ မဲတဲ့စိတ်နှမ်း။
မနှိုင်းအပ် မယှဉ်ရာ၊
နင်ဘာပြု ဟော့ရမ်း၊
ဝင်္ကာခု သော့သွမ်း၊
ကြော့ကြမ်းလိုက်လေတယ်၊
ကြောင်းမတန် စောင်းမာန်ခက်၊
ပြောင်းပြန်ရှက် ရှက်ရချေမယ်။
ဆီးစေ့နှင့်မြင်းမိုရ်ရွယ်သလို၊
ခင်းဆိုဘွယ် ကြောင်ကျားနှင့်၊
ဖားခြင်္သေ့ ရွှေဟင်္သာ၊
ကျီးနက်ပြိုင်လာ၊
နဂါးနှင့် တီလောက်ကွာတယ်၊
ခြေထောက်တာ လွန်လွန်းလို့လေး။ ။
(ဦးပုည)
တေးထပ်
ဒီတေးထပ်က အချုပ်တန်းဆရာဖေကို တိုက်ခိုက်တဲ့ တေးထပ်ဖြစ်ပါတယ်။ စလေဦးပုညနဲ့ အချုပ်တန်းဆရာဖေတို့ ခေတ်ပြိုင်စာဆိုကြီး နှစ်ဦးက တဦးကို တဦး တိုက်ခိုက်တဲ့ တေးထပ်တွေ အပြန်အလှန်ရေးကြတဲ့အထဲက တပုဒ်ပဲဖြစ်ပါတယ်။
***တောတောင်အလှ***

တောခေါင်တောတောင်
တောသာတောင်ကား
တောတောင်သာလှ
စိမ်းမြမြပ
စိမ်းလှသစ်ပင်
လေတိုက်ရင်နွဲ့
နွဲ့ပင်ယိမ်းမူး
ဘယ်ညာလူးကာ
တင့်ထူးလှပ
ရှု့မ၀ပေ
ဒေါင်းကတစုံ
ကျေးငှက်တဖုံ
မျိုးစုံဟစ်ကြူး
တွန်သံကြူးကာ
ပျော်မြူးရှာပေ
သာယာလေ၏
.....ဖြိုးကိုကို.....
Labels:
***တောတောင်အလှ***
ကာလဆိုး (စလေ ဦးပုည) ***

***ကာလဆိုး ***
ကာလနှယ် ဆိုးပါဘိ
သူခိုးက လူလူ
တောလေ့ပေါက် နန်းမူ
အိမ်သူကို ဧည့်စောင်း
သူကောင်းကို အပြစ်တင်
တောင်ယာရှင် မျောက်လိုက်လို့မောင်း။ ။
လေးတရာ့ဆီမှန်လျှင်
ရေနံလောက်မကောင်း
စိတ်အနေ ရုပ်ပြောင်းလို့
ချောင်းကိုပ မြစ်ထင်
တူရိယာ နတ်စည်စောင်း
သူဖုန်းတောင်းချင်းကတဲ့သွင်။
ဝါးလုံးခေါင်း လသာချင်တယ်
အိမ်ထဲတွင် ကင်းဝပ်လို့
မုန်းဇာတ်ကြံကြပြီ
ဘုန်းရို့ဝသီ
ခုများဖြင့် မုသားညီတယ်
အပလီ ဗိုလ်မင်းပလေး။ ။
မဖတ်ဘူးသေးတဲ့ မိတ်ဆွေတွေအတွက် တင်ပြပေးလိုက်ပါသည်
Labels:
ကာလဆိုး (စလေ ဦးပုည) ***
***“ခွန်းကြူပါ့ဖား”*** (ကွပ်ရွာမင်းကြီးကတော် ခင်ဆုံ )

***“ခွန်းကြူပါ့ဖား”*** (ကွပ်ရွာမင်းကြီးကတော် ခင်ဆုံ)
ဖားတင်္ဂါ
မှန်ရာရွှေနှုတ်က
ခွန်းထုတ်စေသား။
လှ, မတူ
တ,သူ ဧကန်ရောက်မှာဖြင့်
ပြောင်မြောက်ဗေဒင်ပိုင်ငဲ့
စံအိုင်ကို စိန်နဲ့မွှမ်းပါ့မယ်
ခွန်းကြူပါ့ဖား။ ။
(ကွပ်ရွာမင်းကြီးကတော် ခင်ဆုံ)
မဖတ်ဘူးသေးတဲ့ မိတ်ဆွသူငယ်ချင်းတွေအတွက် မျှဝေတင်ပြလိုက်ပါသည်
***လွတ်ရက်-ခုတိုင်***(ငွေတာရီ)

***လွတ်ရက်-ခုတိုင်***(ငွေတာရီ)
လွတ်ရေးကို အပိုင်ခဲလို့
တိုက်ပွဲတဲ့ ဘာမထီ
နွှဲ့ခဲ့လီလီ။
လွတ်ရောင်ခြည်
ကြည်ကြည်ခဲ့ပြန်တော့။
ဗိုလ်ချုပ်ကယ် သူမရှိလို့
ဆွေးမိပြန်ပေါ့။
လွတ်ရမည်တဲ့ လွတ်ရမည်။
ဒီလမ်းကို ဒီလိုလိုက်
မိုက်ကြနဲ့တည်။
သွေးမြေကျ အာဇာနည်
မြှော်ရည်လို့ ဆောင်ပြ။
တိုင်းချစ်မောင် လူတသင်းရယ်
နင်းလိုက်ပါကြ။
နင်းခဲ့ပြီတဲ့ နင်းခဲ့ပြီ။
လွတ်ရေးဆို ဒီစခန်း
လမ်းဖြောင့်ဖြောင့်ညီ။
ချခဲ့တဲ့ သွေးနီနီ
ချီပါတော့ ဤလမ်း။
လမ်းခွဲကို မောင်မလိုက်နဲ့
တိုက်ရိုက်သာ လှမ်း။
လွတ်ရက်တဲ့ ခုတိုင်။
ဝဋ်ဆိုး ကျွန်သံသာက
တို့ဗမာ သေချာကျွတ်တယ်
လွတ်ဆုတဲ့ပိုင်။
လွတ်ပန်းခိုင်
ဆွတ်နိုင်ခဲ့ပါပေါ့။
အာဇာနည် ဗိမာန်နန်းဆီက
စိတ်ဘ၀င် ကြည်ရွှင်လန်းလို့ရယ်
(ဗိုလ်ချုပ်ရေ) ၀မ်းမြောက်ပါတော့။
(ငွေတာရီ)
မဖတ်ဘူးသေးတဲ့မိတ်ဆွေတွေအတွက် တင်ပြပေးလိုက်ပါသည်
Labels:
***လွတ်ရက်-ခုတိုင်***(ငွေတာရီ)
*****ဒေ၀ီ အလား******
*****ဒေ၀ီ အလား******
ဟော ဟိုမယ် ပျိုချောတွေရဲ့
နေညိုမှာ ရေချိုခပ်ဖို့
ဆင်းလာပေါ့လေး
တို့ရွာက ပျိုချောတွေနဲ့
ယှဉ်ချင်သပဆို ယဉ်ကာပြလို့
ထိုင်မှိုင်ကာ ငိုသွားမယ်လေး
အပျိုချောတွေ လှလိုက်ပုံများ
တာဝတိံသာ နတ်ပြည်ထက်က
ဒေ၀ီအလား
ရှေးဘုရင်အစဉ်ဆက်က
ဆင်းလာရှာ နန်းမှာထားဖို့
တော်ကောက်ကာ မြှောက်စားကာထား
*****ဖြိုးကိုကို******
နှစ်ပိုဒ်ခံ သုံးပိုဒ်အုပ် ဒွေးချိုး နှစ်ပိုဒ်
သူငယ်ချင်းမိတ်ဆွေတို့ခင်ဗျာ ခွထောက်ကာရန်မိအောင်တော့ စပ်ထားပါတယ်
ကျနော်ရဲ့ ဥာဏ်လေးတစ်ထွာတစ်မိုက်နဲ့ စပ်ထားတဲ့ ဒွေးချိုးပါ
ပညာရှင်များ ဖတ်မိလို့ မှားနေရင် ခွင့်လွှတ်ပါ
တာဝတ်ံဆိုတဲ့နေရာမှာ သေးသေးတင်ပါ ပါတယ်
ကျနော် မြန်မာဖောင့်မှာ မရှိလို့ပါ နားလည်ပေးပါ
ဟော ဟိုမယ် ပျိုချောတွေရဲ့
နေညိုမှာ ရေချိုခပ်ဖို့
ဆင်းလာပေါ့လေး
တို့ရွာက ပျိုချောတွေနဲ့
ယှဉ်ချင်သပဆို ယဉ်ကာပြလို့
ထိုင်မှိုင်ကာ ငိုသွားမယ်လေး
အပျိုချောတွေ လှလိုက်ပုံများ
တာဝတိံသာ နတ်ပြည်ထက်က
ဒေ၀ီအလား
ရှေးဘုရင်အစဉ်ဆက်က
ဆင်းလာရှာ နန်းမှာထားဖို့
တော်ကောက်ကာ မြှောက်စားကာထား
*****ဖြိုးကိုကို******
နှစ်ပိုဒ်ခံ သုံးပိုဒ်အုပ် ဒွေးချိုး နှစ်ပိုဒ်
သူငယ်ချင်းမိတ်ဆွေတို့ခင်ဗျာ ခွထောက်ကာရန်မိအောင်တော့ စပ်ထားပါတယ်
ကျနော်ရဲ့ ဥာဏ်လေးတစ်ထွာတစ်မိုက်နဲ့ စပ်ထားတဲ့ ဒွေးချိုးပါ
ပညာရှင်များ ဖတ်မိလို့ မှားနေရင် ခွင့်လွှတ်ပါ
တာဝတ်ံဆိုတဲ့နေရာမှာ သေးသေးတင်ပါ ပါတယ်
ကျနော် မြန်မာဖောင့်မှာ မရှိလို့ပါ နားလည်ပေးပါ
Labels:
*****ဒေ၀ီ အလား******
သင်သေသွားသော်
သင်သေသွားသော်
လူ့ဘ၀ကား အိုရနာရ၊ သေရဦးမည်
မှန်ပေသည်တည့် ...
သို့တပြီးကား၊
သင်သေသွားသော် သင်ဖွားသောမြေ၊
သင်တို့မြေသည် အခြေတိုးမြင့်၊
ကျန်ကောင်းသင့်၏ ...
သင်၏အမျိုးသား၊ စာစကားလည်း
ကြီးပွားတိုးမြင့်၊ ကျန်ကောင်းသင့်၏
... သင်ဦးချ၍ အမျှဝေရာ
စေတီသာနှင့်၊ သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း
ပြောင်လျက်ဝင်းလျက် ကျန်စေသတည်း ... ... ... ။
ဆရာဇော်ဂျီ ( သင်သေသွားသော် )
Labels:
ဆရာဇော်ဂျီ ( သင်သေသွားသော် )
♥♥♥♥ယိမ်းနွဲ့နေတဲ့ မီးစာ♥♥♥♥
♥♥♥♥ယိမ်းနွဲ့နေတဲ့ မီးစာ♥♥♥♥
မရှိခြင်းကို အဖေါ်ပြုနေတဲ့ ဘ၀ထဲ
အူဝဲဆိုတဲ့အသံနဲ့ ငါ.....
အကွေ့တဆစ်ချိုးမှာ နိုးထလာတယ်
အထက်ကမျက်လုံးတွေရဲ့
နှိမ့်ချတဲ့အကြည့်တွေမှာ
မာနမျက်ဝန်းနဲ့ တိုက်စစ်ဆင်လို့ ငါစိန်ခေါ်ဝံ့ပါတယ်
လောကဓံမီးလျှံကြားမှာ
ငါဟာ မာချင်ယောင်ဆောင်နေတဲ့ ဖယောင်းပါ
ခင်ဗျာတို့ လိုသလို ပုံသွင်းလို့ရရင် မှားသွားပေမပေါ့
ငါ့ကိုယ်ငါ မီးစာညှိလို့ လောင်းကျွမ်းရလိမ့်မယ်
မီးစာကုန်ခမ်းသွားရင်တော့ ယမမင်းရဲ့ ခွေးရေပုရပိုဒ်မှာ
ငါ မှတ်တမ်းရေးရလိမ့်မယ်
နောက်ထပ်တစ်ဖန် ရှင်သန်ခြင်းဆီကိုပေါ့...................
မရှိခြင်းကို အဖေါ်ပြုနေတဲ့ ဘ၀ထဲ
အူဝဲဆိုတဲ့အသံနဲ့ ငါ.....
အကွေ့တဆစ်ချိုးမှာ နိုးထလာတယ်
အထက်ကမျက်လုံးတွေရဲ့
နှိမ့်ချတဲ့အကြည့်တွေမှာ
မာနမျက်ဝန်းနဲ့ တိုက်စစ်ဆင်လို့ ငါစိန်ခေါ်ဝံ့ပါတယ်
လောကဓံမီးလျှံကြားမှာ
ငါဟာ မာချင်ယောင်ဆောင်နေတဲ့ ဖယောင်းပါ
ခင်ဗျာတို့ လိုသလို ပုံသွင်းလို့ရရင် မှားသွားပေမပေါ့
ငါ့ကိုယ်ငါ မီးစာညှိလို့ လောင်းကျွမ်းရလိမ့်မယ်
မီးစာကုန်ခမ်းသွားရင်တော့ ယမမင်းရဲ့ ခွေးရေပုရပိုဒ်မှာ
ငါ မှတ်တမ်းရေးရလိမ့်မယ်
နောက်ထပ်တစ်ဖန် ရှင်သန်ခြင်းဆီကိုပေါ့...................
ကဆုန်လဘွဲ့
ကဆုန်လဘွဲ့ လေးချိုး (မဟာဂီတ ဦးပြုံးချို)
နေနန်းရယ်တဲ့ ဖန်သူရိန်။
တန်ခိုး ဥဏှဂူနှင့်၊
ကဆုန်ဟူ သည်မာသမှာ၊
ပြင်းပြပူရှိန်။
ဝိသာခါ ယှဉ်ပြိုင်ဝန်းပါလို့၊
ထွန်းလှတဲ့ ငွေတာရိန်ငယ်၊
ဒွတ္တိသ နေ့စွဲ။
ပန်းစကားဝါ၊
နန်းဘယာ ကေသီဆင်လို့၊
ရွှေပြည်ခွင် ဗိုလ်ပါပေါင်းရယ်တို့၊
ငြိမ့်ညောင်းအောင် ထာဝစဉ်ဖြင့်၊
ခါသဘင်ညောင်ရေသွန်းကြတယ်၊
လွမ်းစရာ့ပွဲ။ ။
ကဆုန်လဘွဲ့လေးချိုး(ဖိုးသူတော်ဦးမင်း)
စကားဝါငုံသင်းလို့၊
ကြယ်မင်းတဲ့ဝိသာခါ။
တိမ်ဗွေမှာရောင်ခြည်ရွှန်း၊
ထွန်းတဲ့ချိန်ပါ။
စုံကန္တာ၊
ဟေမာမြိုင်ထဲ။
ရွှေကျေးပျံသင်လို့၊
စံပျော်ရွှင် သည်ဟိုကူးတယ်၊
မြူးကြစမြဲ။ ။
Labels:
ကဆုန်လဘွဲ့
***သုံးရာသီ (ကဗျာ)
ဥသြငယ်သည် တေးဆိုသည်ကို
သိသည်အလျှောက် နွေသို့ရောက်ပြီင်္
သိခဲ့ပြီ........
မိုးနတ်ဘုရင် ထစ်ချုန်းဆင်ကာ
မြေပြင်မိုးစက် ကြွေဆင်းသက်သည်
မြင်သည်ရှိနေ မိုးရောက်လေပြီ
သိပေသည်.........
မြောက်ပြန်လေထူး တမြူးမြူးနဲ့
တိုက်ကြူးကာလွင့် နှင်းဖက်ပွင့်တို့
မျှောလွင့်လာသည် သိခဲ့သည်ရှိ
ဆောင်းသည်ရောက်တာ
သိလာပြီ........
နွေမိုးဆောင်းကွယ် ကုန်ဆုံးလွယ်သည်
ရှောင်ဖယ်ချင်က သင်မရ.........
မိုးဆောင်းနွေနဲ့ ကုန်ဆုံးခဲ့သော
သင့်ရဲ့အသက် တစ်နှစ်ထက်တိုး
နောင်ထက်တိုးချည်
ရောက်ခဲ့ပြီ..........
သိသည်အလျှောက် နွေသို့ရောက်ပြီင်္
သိခဲ့ပြီ........
မိုးနတ်ဘုရင် ထစ်ချုန်းဆင်ကာ
မြေပြင်မိုးစက် ကြွေဆင်းသက်သည်
မြင်သည်ရှိနေ မိုးရောက်လေပြီ
သိပေသည်.........
မြောက်ပြန်လေထူး တမြူးမြူးနဲ့
တိုက်ကြူးကာလွင့် နှင်းဖက်ပွင့်တို့
မျှောလွင့်လာသည် သိခဲ့သည်ရှိ
ဆောင်းသည်ရောက်တာ
သိလာပြီ........
နွေမိုးဆောင်းကွယ် ကုန်ဆုံးလွယ်သည်
ရှောင်ဖယ်ချင်က သင်မရ.........
မိုးဆောင်းနွေနဲ့ ကုန်ဆုံးခဲ့သော
သင့်ရဲ့အသက် တစ်နှစ်ထက်တိုး
နောင်ထက်တိုးချည်
ရောက်ခဲ့ပြီ..........
***လာစေချင်သည်.......အညာဆီ***
တို့အထက်ရွာ အညာကိုပ
လာလည်ဖို့ဖိတ်ခေါ်
စိတ်တော်မှာ နွမ်းရင်ဖြင့်
လမ်းလျှောက်လိုက်နော်
လမ်းတစ်လျှောက်မှာဖြင့် ရွက်ဝါတွေ
နွမ်းကာကြွေ မြေမှာခ
မြင်ပါက သင်္ခါရ မှတ်ပါဗျ
ဒီအချိန်ဆို အညာနဲ့ပွဲ ခွဲမရပါပဲ
ဆွဲခေါ်ကာ တူယှဉ်တွဲ နွဲကြစို့ပဲ
မြစ်ကမ်းနံဘေး ဘုရားကုန်းဘေး
ဘာတုန်းမမေး လာအုံးကွဲ့လေး
မြစ်ဧရာမင်း ငွေရောင်အဆင်း
တလင်းလင်းနဲ့ ၀င်းလှပေါ့လေး
မြစ်ဧရာ ရင်ခွင်ထက်မှာ
တံငါသည်လေး အချင်းနဲ့သူပျော်
ဒင်းပျော်ကာ သီချင်းတအေးအေး ချွဲလှပေါ့လေး
တို့အညာ တမာခါးပေမင့်
စိတ်ထားတော့ မခါးပါ
ပွင့်လင်းကာ သဘောကောင်းလို့
လာစေချင်သေး...............
လာလည်ဖို့ဖိတ်ခေါ်
စိတ်တော်မှာ နွမ်းရင်ဖြင့်
လမ်းလျှောက်လိုက်နော်
လမ်းတစ်လျှောက်မှာဖြင့် ရွက်ဝါတွေ
နွမ်းကာကြွေ မြေမှာခ
မြင်ပါက သင်္ခါရ မှတ်ပါဗျ
ဒီအချိန်ဆို အညာနဲ့ပွဲ ခွဲမရပါပဲ
ဆွဲခေါ်ကာ တူယှဉ်တွဲ နွဲကြစို့ပဲ
မြစ်ကမ်းနံဘေး ဘုရားကုန်းဘေး
ဘာတုန်းမမေး လာအုံးကွဲ့လေး
မြစ်ဧရာမင်း ငွေရောင်အဆင်း
တလင်းလင်းနဲ့ ၀င်းလှပေါ့လေး
မြစ်ဧရာ ရင်ခွင်ထက်မှာ
တံငါသည်လေး အချင်းနဲ့သူပျော်
ဒင်းပျော်ကာ သီချင်းတအေးအေး ချွဲလှပေါ့လေး
တို့အညာ တမာခါးပေမင့်
စိတ်ထားတော့ မခါးပါ
ပွင့်လင်းကာ သဘောကောင်းလို့
လာစေချင်သေး...............
*****သဘာဝရဲ့ အလှတစ်ပါး*****



ပင်လုံးကျွတ်မျှ နီရဲလှတဲ့
မြင်လှ ပင့်မြင့် ဝေဟင်ဆင့်မှာ
ကားစွင့်လှတင့် လက်ပန်ပွင့်တွေ
တင့်တင့်တယ်တယ် ဆောင်းကိုပယ်လို့
ပင်ထည်မြင့်မှာ ငွါးစွင့်လာ................
ပင်မြင့်အထက် ဆက်ရက်ငှက်တွေ
ဖြန့်ကျက်ခုန်ပျံ သောသောညံကာ
ဆူညံဟစ်ကြူး ဟိုဒီလူးကာ
မြူးထူးပျော်ပါး ဆော့ကစားကာ
ပျော်ပါးနေလား ဆက်ရက်များ.................
လေတသုတ်သာ ဝေ့၀ဲကာပင်
တိုက်လာရင်ဖြင့် ကြွေချိန်သင့်တဲ့
အပွင့်ခမျာ ကြွေကျရှာပေါ့
လေမှာဝဲကာ ကြွေကျတာများ
စင်္ကြာပန်းလား ထင်မှတ်မှား...............
******နှစ်ကူးသင်္ကေတ ပိတောက်အလှ******

ပင်ရွက်အုပ်ဆိုင်း ရွက် ခတ် တိုင်းမှာ
ရွှေရိုင်းရည်လူး ပိတောက်ဖူးတွေ
တောင်းရူးလေသာ ပြန်လာပါမူ
လှုပ်ကာနွဲ့ရင်း အချင်းချင်းပင်
မိုးသင်းတချက် မျှော်နေလျှက်ပေါ့
မိုးစက်မိုးပြေး တချက်လေးသာ
ပတ်ပြေးပါမူ ရွှေရောင်ကူရင်း
ပွင့်ကြူလျှက်သာ မွှေးပျံ့တာများ
ဝါရောင်ဗီးနပ်စ် ကကြိုးထပ်ကာ
လျှပ်ပြက်တာလား ထင်မှတ်မှားရင်း
ပျိုများဆံနွယ် ပိတောက်ငယ်လေး
ခိုတွယ်နေရှာ မြင်ရတာများ
စိတ်မှာရွှင်လန်း ငြိမ်းအေးချမ်း.........
Labels:
.....ဖြိုးကိုကို.....
,
ရင်တွင်းခံစားရေးစပ်သည်
,
သင်္ကြန်ကဗျာ
Subscribe to:
Posts
(
Atom
)

